Monday, June 20, 2016

LeEco Le Max 2 ဖုန်းကို ဗားရှင်း Android 6.0 Marshmallow Root လုပ်နည်း



LeEco Le Max 2 ဖုန်းကိုဆောင်ထားကြတဲ့ ညီကိုများအတွက်
ဗားရှင်း Android 6.0 Marshmallow Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။

ဒီ ဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Custom Recovery ကို
အရင်ထည့်သွင်းထားရမှာပဲဖြစ်ပါတယ်။


လိုအပ်ချက်များ
========
၁။ ဖုန်းကို Custom Recovery ထည့်သွင်းထားရပါမည်။

၂။ BETA-SuperSU-v2.67.zip ဒေါင်းလော့ထားရမည်။


LeEco Le Max 2 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း


BETA-SuperSU-v2.67-20160121175247.zip


Supersu ဖြင့် Root လုပ်နည်း
================
၁။ BETA-SuperSU-v2.67.zip ဖိုင်ကိုဒေါင်းလော့ရယူလိုက်ပြီး
Memory ကဒ်သို့ ကူးထည့်လိုက်ပါ။

၂။ Volume Down + Power ကီးများကို တွဲနှိပ်ပြီး
Custom Recovery Mode သို့ဝင်လိုက်ပါ။

၃။ Custom Recovery Mode တွင် “Install” ကိုတစ်ချက်နှိပ်
Memory ကဒ်တွင်ရှိသော BETA-SuperSU-v2.67.zip ဖိုင်ကို ရွေးချယ်ပါ။

၎။ BETA-SuperSU-v2.67.zip ဖိုင်ကိုရွေးချယ်ပြီးရင်
“Swipe to confirm flash” ပြုလုပ်ပေးလိုက်ပါ။

၅။ BETA-SuperSU-v2.67.zip ဖိုင်ကို ထည့်သွင်းခြင်း
Flash Process ပြီးသွားရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ။

၆။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့် စမ်းသပ်ကြည့်လိုက်ပါ။




ဇူးနစ်(နည်းပညာ)
နိုင်လင်းနည်းပညာ sharing and saving


No comments:

Post a Comment