Saturday, June 18, 2016

Facebook Account ကိုPassword Reset တောင်းပြီး Hack လုပ်ခြင်းမှ ကာကွယ်နည်း


ယနေ့ခေတ်ကာလသည် နည်းပညာတိုးတက်လာတာနဲ့အမျှတန်ဖိုးနည်း Mobile SIM တွေ ထွက်ပေါ်လာတော့ လူတိုင်းနည်းပါးFacebook ဆိုတဲ့ Social Media ကို အသုံးပြုလာတာတွေ့မြင်ကြရ

မှာပါ။ ထိုကဲ့သို့ လူတိုင်းနည်းပါးသုံးစွဲလာတာနဲ့ အမျှ ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုလည်း Facebook မှတဆင့်တွေ့မြင်ကြရပါတယ်။ Cyber Bullying , Cyber Crime, Personal Attack တွေ

ဆိုတာလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေတာ အားလုံးသိပြီးသားဖြစ်ကြမှာပါ။ ဘာကြောင့် ဒီလိုတွေဖြစ်ပေါ်လာသလည်းလို့ မေးမယ်ဆိုရင် အများစုက User တွေရဲ့ ပေါ့လျော့မှုက အဓိက ကျသလို

Recovery လိုက်တဲ့ ဆရာသမားတွေလည်းတော်လို့ဖြစ်ပါတယ်။Facebook Account တစ်ခု Hack ခံရတယ်ဆိုတာ အခြေခံအားဖြင့်နည်းလမ်း ၃ချက်ရှိပါတယ်။

၁။ Phishing Method ( Login Page အတုဖြင့်ခိုးယူခြင်း)

၂။ G-mail မှတဆင့် Recovery ဆွဲ၍ Facebook Account ကိုခိုးယူခြင်း

၃။ Facebook ကနေ I Can’t Log In အနေအထားဖြင့် ID တင်၍

ခိုးယူခြင်းတို့ ဖြစ်ကြပါတယ်။

အဲ့အထဲမှာက အများစုက သင်သုံးနေတဲ့ Facebook ကို Forget Passwordကနေလုပ်ဆောင်ကြတာများပါတယ်။ ဒီလိုအနေအထားတစ်ခုမှာသင့်မေးလ်ထဲကိုအောက်ပါပုံအတိုင်း ရောက်လာတာကိုမြင်ဖူးကြမှာပါ





သင့်အကောင့်ကို လှမ်းပြီး Password Reset ချဖို့ လှမ်းကြိုးစားတာဖြစ်ပါတယ်

ဒီအခြေအနေတစ်ခုက ဘယ်ကနေဖြစ်ပေါ်လာတာလည်းဆိုရင်တော့…သင့်အကောင့်ရဲ့ User ID





အထက်ပါပုံအတိုင်း www.facebook.com/ ရဲ့ အနောက်က “ CZarni.86 

ဆိုတာကို ကော်ပီကူးယူပြီးတော့ Browser တစ်ခုကနေ Forget Password

ကနေတဆင့်သွားတာပါ။အောက်ပါပုံအတိုင်းပေါ့…





ထိုမျှားပြထားတဲ့ နေရာကနေတဆင့်အောက်ပါအတိုင်းမှာ





အကောင့်ရဲ့ User ID နဲ့ ရိုက်ပြီးရှာလိုက်တာဖြစ်ပါတယ်။ သာမာန်အားဖြင့်

တော့ ကျတော်တို့က Search နှိပ်လိုက်မယ်ဆိုရင်





အောက်ပါပုံအတိုင်း Reset Link ချစေမယ့် မေးလ်ကိုပို့ပေးမှာဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ အကောင့် ဟက်ဖို့ ကြိုးစားမယ့်သူက Continue ကိုနှိပ်လိုက်တဲ့အခါမှာ သင့်မေးလ်ထဲကိုအောက်ပါပုံအတိုင်း





ရောက်လာမှာဖြစ်ပါတယ်။ ဒီအခါမှာကျတော်တို့က မလန့်ပါနဲ့ထိုကဲ့သို့ သင့်မေးလ်ထဲကို ရောက်လာတယ်ဆိုရင် ယေဘုယျအားဖြင့်Clikc here to change your password ဆိုတာကို နှိပ်ပြီး လက်ရှိသုံးနေတဲ့ Account ရဲ့ Password ကိုပြောင်းလို့ရပါတယ်။ကျတော်တို့က

အဲ့လိုမလုပ်ပဲနဲက Didn’t’ request this Change? ဆိုတဲ့နေရာကစာလုံးအပြာ

တန်းလေးဖြစ်တဲ့ Let us know immediately ဆိုတာကို နှိပ်လိုက်ပါ့မယ်။

ဒါဆိုရင်တော့အောက်ပါပုံအတိုင်း





ပေါ်လာပြီးဆိုရင် ကျတော်တို့က OK ဆိုတာနှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့

အောက်ပါပုံအတိုင်း





Receiving too many password reset email? ဆိုတဲ့ နေရာမှာTurn Off Reset for my Username ဆိုတာကို နှိပ်လိုက်ပါ့မယ်။ထို့နောက်တော့





အထက်ပါပုံအတိုင်း သင့်အကောင့်ကို တစ်စုံတစ်ယောက်ကUser ID ကို အသုံးပြု၍ Password Reset request လုပ်ခြင်းမှကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒီနေရာမှာ ကျတော်ပြောချင်တာက

ယခင် အကောင့်တွေကို Forget Password လုပ်တဲ့နေရာမှာအောက်ဖော်ပြပါအချက်တွေက လိုအပ်ပါတယ်။

 

၁။ Account User ID

၂။ Facebook User E-mail

၃။ Facebook User Phone Number 

တို့ဖြစ်ကြပါတယ်။ ကျတော်တို့က အထက်ပါလုပ်ဆောင်ချက်တွေလုပ်ဆောင်

ပြီးသွားရင်တော့ နံပါတ် ၁အချက်ဖြစ်တဲ့ Account User ID နဲ့ Reset Requestလုပ်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကဲ ကျတော်တို့က မယုံလို့ စမ်းကြည့်ရအောင်လားဗျာ… အရင်ဆုံး Browser ကို ဖွင့်လိုက်ပါမ့ယ်ထို့နောက်တော့





အထက်ပါပုံအတိုင်း အကောင့်ရဲ့ User ID နဲ့ Wrong Password ကိုရိုက်ပြီးဝင်လိုက်ပါမယ်။ ထို့နောက်တော့ Pass မှားနေတဲ့အတွက်ကြောင့်Forgot Password? ဆိုတာကိုနှိပ်ပြီး





Find your Account ဆိုတဲ့နေရာမှာ User ID ကိုထည့်ပြီးSearch လုပ်လိုက်ပါမယ်။ ဒါဆိုရင်တော့





အထက်ပါပုံအတိုင်း သင်လက်ရှိ အသုံးပြုနေတဲ့ User ID ကိုမရှိလို့တစ်ခြားနည်းလမ်းဖြင့်ရှာပါ ဆိုပြီးတော့ပဲ ပြောနေမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ ကျတော်တို့ ဘာတွေလုံခြုံအောင်ထားမလည်းဆိုတော့

၁။ Account’s Mail

၂။ Account’s Phone 

စသည်တို့ကို လုံခြုံအောင်ထားနိုင်ရင်တော့ အဆင်ပြေပြီး ယခုလိုမျိုး

User ID နဲ့ ဟက်ခြင်းမှ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ အားလုံးဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်
credit=u zarni
နိုင်လင်းနည်းပညာsharing and saving


No comments:

Post a Comment