Monday, June 20, 2016

Galaxy Tab S2 8.0 2016 [T713N/T719N] ကို TWRP Recovery သွင်းပြီး Root လုပ်နည်း




Galaxy Tab S2 8.0 2016 [T713N/T719N] များအတွက် 

TWRP Recovery သွင်းပြီး Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။


ဖုန်းကလစ်သူများနဲ့ ဆိုင်သမားများအတွက် မိုဘိုင်ဖုန်းဆိုင်ရာ

Up to date New များကို အချိန်နဲ့ တစ်ပြေးညီတင်ပေးနေပါတယ်။



ဒီ Tab များကို Root လုပ်မယ်ဆိုရင်တော့ Custom Recovery ကို

အရင်ထည့်သွင်းပြီးမှ Supersu.zip ဖြင့် Flash ပေးပြီး Root လုပ်ယူနိုင်ပါတယ်။



လိုအပ်ချက်များ

=========

၁။ Samsung USB Driver


၂။ Odin Flash Tool 


၃။ USB Cable 


၎။ TWRP Recovery.zip


၅။ BETA-SuperSU-v2.74-2.zip



ကြိုတင်ပြင်ဆင်ရမယ့်အချက်များ

====================

ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။


တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့

ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။


ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်

Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး

 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့

Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။



ငြင်းဆိုချက်

=======

မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်

အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ

တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။


ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်

မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။



Download Samsung USB Driver for Windows

Download the latest Odin flashing Tool


TWRP For 2016 Galaxy Tab S2 8.0 SM-T713N and SM-T719N


Download Here BETA-SuperSU-v2.74-2.zip



TWRP Recovery  ထည့်သွင်းနည်း

====================

၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ


၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ


၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့

လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ


၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး

ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။


၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

 volume down + Home + power

ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။


၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။


၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။


၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။


၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း

PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။


၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို

တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။


၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့

သင့် Galaxy Tab S2 8.0 2016 [T713N/T719N] မှာ

 Twrp Recovery ထည့်သွင်းပြီးပါပြီ။




SuperSU-update.zip ဖြင့် Root ပြုလုပ်နည်းကိုတော့

အောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ပါ




လိုအပ်ချက်များ

==========

၁။ မိမိဖုန်းတွင် TWRP Recovery ထည့်သွင်းထားရပါမယ်


၂။ BETA-SuperSU-v2.74-2.zip ဖြစ်နေရပါမယ်




SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း

===========================

၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။


၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။


၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power


၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။


၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။


၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။


၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။




အဆင်ပြေပါစေ



ဇူးနစ်(နည်းပညာ)

နိုင်လင်းနည်းပညာ sharing and saving


No comments:

Post a Comment