Monday, May 30, 2016

 Samsung ဖုန်းများ၏ သင်မသိသေးသော အချက်များ  သို့မဟုတ် code numberများ

 Code 1: *#06# (Reveals IMEI Number) ထို Code သည် IMEI Number ကိုဖော်ပြပေးမည် ဖြစ်သည်။ IMEI Number သည် အတူမရှိသော စက်ရုံထုတ်နံပါတ် ဖြစ်သည်။ ထိုနံပါတ်ဖြင့် ပျောက်ဆုံးသွားသော ဖုန်းများ ကိုရှာဖွေခြင်း ဖုန်းများကို Lock / Unlocked လုပ်နိုင်ခြင်း နှင့် အခြားသော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါတယ်။

Code 2 : #31# (Disables Outgoing Caller ID) Code #31# သည် အထွက် Call Phone Number ကို ဖျောက်ပေးမည် ဖြစ်သည်။ အထူးသဖြင့် Hacker ကြီးများအသုံးများပါသည်။ အဘယ်ကြောင့်ဆိုသော Caller ID ကို ဖျောက်လိုက်သည့်အတွက် တဖက်မှ မည်သည့်နိုင်ငံ မည်သည့်နေရမှ ခေါ်ဆိုသည်ကို မသိရှိနိုင်တော့ပေ။ အသုံးပြုပုံမှာ ရှေ့ဆုံးမှာ ကုတ်ကို ခံပြီး ဖုန်းဆံပါတ်ဆက်တိုက်ရိုက်နှိပ် ခေါ်ဆိုရတာ ဖြစ်ပါတယ်။ #31#0979xxxxxxxCall Button

Code 3 : *#21# (Checks Call Forwarding Setting) Code *#21# ကို နှိပ်ပြီး ဖုန်းခေါ်ဆိုသည့် ခလုတ်ကို နှိပ်လိုက်ပါက Call Forwarding Setting ကို ဖော်ပြပေးမည် ဖြစ်သည်။

Code 4 : *#30# (Checks Incoming Caller ID Settings) Code *#30# ကို နှိပ်ပြီး ဖုန်းခေါ်ဆိုသည့် ခလုတ်ကို နှိပ်လိုက်ပါက အ၀င်ဖုန်းများ၏ Caller ID Settings ကို ဖော်ပြနေမည် ဖြစ်သည်။

Code 5 : *#31# (Checks Outgoing Caller ID Setting) Code *#31# ကို နှိပ်ပြီး ဖုန်းခေါ်ဆိုသည့် ခလုတ်ကို နှိပ်လိုက်ပါက အထွက် ဖုန်းခေါ်ဆိုမှူ့အတွက် Caller ID Setting ကို ဖော်ပြပေးမည် ဖြစ်သည်။

Code 6 : *#0*# (Open A Service Menu) Code *#0*# ကို နှိပ်လိုက်သောအခါ Phone ကို စစ်ဆေးပေးနိုင်မည့် Service Menu ကျလာမည် ဖြစ်သည်။ စစ်ဆေးချင်သည့် Service ကို စစ်ဆေးပြီးပါက Back Key ကို နှစ်ကြိမ်နှိပ်ပြီး ပြန်ထွက်နိုင်ပါတယ်။

Code 7 : *#7353# (Open A Service Menu List) Code *#7353# သည်လည်း Service Menu ကို ဖော်ပြပေးသည့် Code ဖြစ်သည် သို့သော် Service Menu ကို List ပုံစံဖြင့် ဖော်ပြပေးမည် ဖြစ်သည်။

Code 8 : *#0782# (Show The Time) Code *#0782# သည် အချိန်ကို ဖော်ပြပေးမသည့် Code ဖြစ်သည်။

Code 9 : *#3282*727336*# (Overview Menu) Code *#3282*727336*# သည် Call Logs , Phone Internal Space , SD card Space , Number of Contacts Messages စသည့် အချက်အလက်များကို ဖော်ပြပေးမည် ဖြစ်သည်။

Code 10 : *#*#8255#*#* (Monitors Google Talk) Google App ၏ အချက်အလက်များကို ဖော်ပြပေးနိုင်မည့် Code ဖြစ်သည်။

Code 11 : *#7465625# (Opens The SIM Lock Menu) Code *#7465625# ကို နှိပ်လိုက်သောအခါ ဖုန်းသည် Lock ဖြစ်နေသည် မဖြစ်နေသည် စသည့်အချက်အလက်များကို ဖော်ပြပေးမည် ဖြစ်သည်။ Menu တွင် အကုန်လုံးသည် OFF ဖြစ်နေပါက Unlocked Phone ဖြစ်ပြီး ON ဖြစ်နေပါက Locked Phone ဖြစ်သည်။

Code 12 : *#0589# (Tests The Light Sensor) Code ကို ရိုက်ထည့်လိုက်သောအခါ ဖုန်း၏ Light Sensor ကို စစ်ဆေးပေးမည် ဖြစ်ပြီး Light Sensor သည် ကောင်းစွာ အလုပ်လုပ်ပါက Level 1 ဟုပြန်လည် ဖော်ပြပေးမည် ဖြစ်သည်။ (Level 1 နေရာတွင် အခြားတစ်ခုခုလည်း ဖော်ပြနိုင်ပါတယ်)

Code 13 : *#*#7594#*#* (Power Off Your Phone Without Confirmation) *#*#7594#*#* ဒီကုတ်ကတော့ Power Button ကို ကြာမြှင့်စွာ နှိပ်ပြီး မပိတ်ချင်သူများအတွက် အဆိုပါကုတ်ကို ရိုက်ထည့်လိုက်တာနှင့် အတည်ပြုချက် မတောင်းခံဘဲ ချက်ချင်း ဖုန်း ကို Power Off လုပ်သွားမည် ဖြစ်သည်။

Code 14 : *2767*3855# (Instanly Wipes Out The Device Without Prompt) *2767*3855# ဒီကုတ်ကို အသုံးပြုမယ်ဆိုရင် အနည်းငယ် အန္တရာယ်ရှိပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကုတ်ကို ရိုက်ထည့်လိုက်တာနှင့် စက်ရုံမှ စထုတ်သကဲ့သို့ Format ကျသွားမှာ ဖြစ်ပါတယ်။ Format ကျဖို့အတွက် သင့်ကို တစုံတရာ မေးမြန်းမှာ မဟုတ်ပါဘူး ကုတ်ရိုက်ထည့်လိုက်တာနှင့် မည်သည့် ခွင့်ပြုချက်မှ တောင်းနေမှာမဟုတ်ဘဲ စက်ရုံမှ စထုတ်သကဲ့သို့ Phone ကို Format ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မူရင်းရေးသားသူ ။ ။ ကိုရီချင် 

အဆင်ပြေပါစေ
နိုင်လင်းနည်းပညာ sharing and saving


No comments:

Post a Comment