Tuesday, May 24, 2016

Facebook မှာ Add Friend ပိတ်နည်းနဲ့ Follower ဖွင့်နည်း၊ ပိတ်နည်း 

Add Friend ပိတ်နည်း Facebook ရဲ့ Menu ကို ဖွင့်ပါ။ Account Settings ကို နှိပ်ပါ။ Privacy ထဲသွားပါ။ Who can contact me? အောက်မှ Who can send you friend requests ? ကို နှိပ်ပါ။ Everyone အစား Friends of Friends ကို ပြောင်းပေးပါ။ ဒါဆိုရင် သင့် သူငယ်ချင်းများရဲ့ သူငယ်ချင်းများကသာ သင့်ကို Request ပို့နိုင်မှာပါ။ အခြားလူများ သင့် Timeline ထဲ ၀င်ကြည့်ရင် Add Friend ပျောက်နေမှာပါ။

 Follower ဖွင့်နည်း၊ ပိတ်နည်း Account Settings ထဲ ပြန်သွားပါ။ Followers ကို နှိပ်ပါ။ Who Can Follow Me အောက်မှာ Public ကို ရွေးပေးရင် လူတိုင်းက သင့်ကို Follow လုပ်နိုင်မှာပါ။ Friends ကို ရွေးပေးရင်တော့ သင့် သူငယ်ချင်းများကလွဲပြီး အခြားလူများက သင့်ကို Follow လုပ်လို့ မရတော့ပါဘူး။ သင့်ရဲ့ Public Posts များမှာ ဘယ်သူတွေ ကွန်းမန့်လုပ်နိုင်သလိုဆိုတာကို ထိန်းချုပ်ဖို့အတွက် Who can comment on your public posts? အောက်ကိုသွားပါ။ Public ကို ရွေးရင် လူတိုင်း ကွန်းမန့်လုပ်နိုင်ပါတယ်။ Friends of Friends ကို ရွေးရင် သင့်သူငယ်ချင်းရဲ့ သူငယ်ချင်းများကသာ ကွန်းမန့်ရေးနိုင်ပါတယ်။ Friends ကို ရွေးပေးရင်တော့ သင့် သူငယ်ချင်းများကသာ ကွန်းမန့်လုပ်နိုင်မှာပါ။

သင်ဆရာ/မြင်ဆရာ/ကြားဆရာများကိုcreditပေးပါသည်။
အဆင်ပြေပါစေ။
နိုင်လင်းနည်းပညာ sharing and saving

No comments:

Post a Comment