Showing posts with label computer softwareလေ့လာမယ်. Show all posts
Showing posts with label computer softwareလေ့လာမယ်. Show all posts

Saturday, September 3, 2016

♪ Windows မှ ဖိုင်များကို Android , iPad နဲ့ iPhone များမှာ ကြိုးမဲ့ရယူ အသုံးပြုနည်း ♫




Windows မှာ Shared Folder စွမ်းဆောင်ချက်ပါရှိပြီး ကွန်ပြူတာမှ ဖိုင်များ၊ဖိုဒါများကို Android , iPad နဲ့ iPhone များမှာ အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းက ကွန်ပြူတာမှ ဗီဒီယိုများနဲ့ ဖိုင်များကို အခြား Device များမှ ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ကြည့်ရှု အသုံးပြုနိုင်တဲ့အတွက် အလွန်အဆင်ပြေတဲ့ နည်းဖြစ်ပါတယ်။


Windows တွင် ဖိုဒါကို Share ပြုလုပ်နည်း

၁။ Control Panel ကို ဖွင့်ပြီး Network and Internet အောက်မှ Choose Homegroup and sharing option ကို နှိပ်ပါ။ Change advanced sharing settings ကို နှိပ်ပါ။ File and printer sharing အောက်မှ Turn on file and printer sharing ဆိုတဲ့ Option ကို ရွေးချယ်ပြီး Save changes ကို နှိပ်ပါ။





၂။ Advanced sharing settings အောက်မှာပဲ Local Network ထဲမှာ ရှိတဲ့ Device တွေကို ယုံကြည်ရင် Password မလိုဘဲ ဖိုင်များ Share လုပ်နိုင်ဖို့ သတ်မှတ်နိုင်ပါတယ်။
File and printer sharing ကို Enable လုပ်ပြီးရင် File Explorer or Windows Explorer ကိုဖွင့်ပြီး Share လုပ်ချင်တဲ့ ဖိုဒါပေါ်မှာ Right Click နှိပ်ပါ။ Properties ကိုနှိပ်ပြီး Sharing Tab အောက်မှ Share ကို နှိပ်ပါ။ ဒါဆိုရင် အဲဒီဖိုဒါကို Network ထဲမှ Device များမှာ အသုံးပြုနိုင်ပါပြီ။




 

အဲဒီဖိုင်များကို မိုဘိုင်းဖုန်းများမှာ ရယူအသုံးပြုနိုင်ဖို့ ဖုန်းများဟာ တူညီတဲ့ ၀ိုင်ဖိုင် Network တစ်ခုထဲမှာ ရှိရပါမယ်။ မိုဘိုင်းဖုန်းများရဲ့ Mobile Data ကို အသုံးပြုလို့မရပါဘူး။


ဝင်းဒိုးကွန်ပြူတာမှ Shared Folder ကို Android မှာ အသုံးပြုနည်း

၁။ Android မှာ Windows Shared Folder ကို အသုံးပြုနိုင်တဲ့ File Manager App မပါရှိပါဘူး။ ဒီလိုပြုလုပ်ပေးနိုင်တဲ့ File Manager App များစွာရှိပေမယ့် ES File Explorer ကို အသုံးပြုပါမယ်။
ES File Explorer ကို Android Device မှာ အင်စတော လုပ်ပြီးရင် Menu ခလုတ်ကို နှိပ်ပါ။ Network ကို တစ်ချက်နှိပ်ပြီး LAN ကို နှိပ်ပါ။




 

၂။ Scan ခလုတ်ကို နှိပ်ရင် ၀င်းဒိုးကွန်ပြူတာမှ Share လုပ်ထားတဲ့ ဖိုင်များကို Scan လုပ်ပါလိမ့်မယ်။ ပြီးရင် သင့်ကွန်ပြူတာရဲ့ IP Address ကို ပြပေးပါလိမ့်မယ်။ သင့်ကွန်ပြူတာရဲ့ IP Address ကို တစ်ချက်နှိပ်ပါ။ ၀င်းဒိုးကွန်ပြူတာမှာ Setup လုပ်တဲ့အခါမှာ Username နဲ့ Password သတ်မှတ်ထားရင် အဲဒါတွေကို ပြန်ထည့်ပေးပါ။




 

၃။ ပြီးရင် ၀င်းဒိုးကွန်ပြူတာမှ Share လုပ်ထားတဲ့ ဖိုင်များ၊ ဖိုဒါများကို တွေ့မြင်အသုံးပြုနိုင်ပါပြီ။ ဖိုင်များကို Android သို့ ကော်ပီကူးနိုင်သလို ဗီဒီယိုများကိုလည်း Android မှာ ကြည့်ရှုနိုင်ပါပြီ။





ဝင်းဒိုးကွန်ပြူတာမှ Shared Folder ကို iOS မှာ အသုံးပြုနည်း

၁။ iOS မှာတော့ FileExplorer Free ကို အသုံးပြုပါမယ်။ App ကို ဖွင့်ပြီး + Button ကိုနှိပ်ပါ။ Windows ကို နှိပ်ပါ။




 

၂။ FileExplorer က Local Network မှာရှိတဲ့ ကွန်ပြူတာနာမည်များကို ပြသပေးမှာဖြစ်ပြီး သင့်ကွန်ပြူတာကို တစ်ချက်နှိပ်ပါ။ Username, Password သတ်မှတ်ထားရင် ဖြည့်ပေးပါ။




 

၃။ iOS ဟာ ဖိုင်စီမံခန့်ခွဲတဲ့ အပိုင်းမှာ Android လောက် မစွမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့်လည်း ၀င်းဒိုးမှ Share လုပ်ထားတဲ့ ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး နှစ်သက်ရာ App နဲ့ ဖွင့်ကြည့်ဖို့ Open In စွမ်းဆောင်ချက်ပါရှိပါတယ်။





ဝင်းဒိုးကွန်ပြူတာမှာ ဖိုင်များကို Network ထဲမှာ မျှဝေနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ အဲဒီအတွက် Third-Party Windows Program များကို အသုံးပြုစရာမလိုဘဲ ၀င်းဒိုးမှ ဖိုင်များကို Android , iPhone နဲ့ iPad များမှာ ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ရယူအသုံးပြုနိုင်ပါတယ်။


Credit to ==> Myanmar Digital Life Journal


Monday, June 27, 2016

AD Ware virus တွေကိုရှင်းလင်းပေးမယ့် AdwCleaner



Browser ဖွင့်တိုင်း ကြော်ငြာတွေ အလိုလိုတက်တက်လာလို့စိတ်ညစ်နေပါသလား ဒီ Adw Cleaner လေးက ကူညီဖြေရှင်းပေးပါလိမ့်မယ်။



adwcleaner ကို RC > Run as admin နဲ့ဖွင့်လိုက်ပါ Scan ကိုနှိပ်ပါ



Scan နှိပ်ပြီး Adware တွေကိုရှာဖွေစစ်ဆေးနေပါလိမ့်မယ် အတန်းပြေး ပြီးသွားရင်တော့ Clean ခလုတ်လေးလင်းလာပါလိမ့်မယ် Clean ကိုနှိပ်လိုက်ပါ



Ok ပေါ်လာရင် Ok နှိပ်ပေးပါ Browser တွေပိတ်သွားပါလိမ့်မယ် Clean အတန်းပြေးပြီးရင် Ok နှိပ်ပေးပါ



ကွန်ပျူတာပိတ်သွားပါလိမ့်မယ် ပြန်ပွင့်လာချိန်မှာတော့ Adware virus တွေရှင်းလင်းသွားပါလိမ့်မယ်ခင်ဗျာ



Download

post by Than Toe Aung

အဆင်ပြေပါစေ..

နိုင်လင်းနည်းပညာ sharing and saving


AD Ware virus တွေကိုရှင်းလင်းပေးမယ့် AdwCleaner



Browser ဖွင့်တိုင်း ကြော်ငြာတွေ အလိုလိုတက်တက်လာလို့စိတ်ညစ်နေပါသလား ဒီ Adw Cleaner လေးက ကူညီဖြေရှင်းပေးပါလိမ့်မယ်။



adwcleaner ကို RC > Run as admin နဲ့ဖွင့်လိုက်ပါ Scan ကိုနှိပ်ပါ



Scan နှိပ်ပြီး Adware တွေကိုရှာဖွေစစ်ဆေးနေပါလိမ့်မယ် အတန်းပြေး ပြီးသွားရင်တော့ Clean ခလုတ်လေးလင်းလာပါလိမ့်မယ် Clean ကိုနှိပ်လိုက်ပါ



Ok ပေါ်လာရင် Ok နှိပ်ပေးပါ Browser တွေပိတ်သွားပါလိမ့်မယ် Clean အတန်းပြေးပြီးရင် Ok နှိပ်ပေးပါ



ကွန်ပျူတာပိတ်သွားပါလိမ့်မယ် ပြန်ပွင့်လာချိန်မှာတော့ Adware virus တွေရှင်းလင်းသွားပါလိမ့်မယ်ခင်ဗျာ



Download

post by Than Toe Aung

အဆင်ပြေပါစေ..

နိုင်လင်းနည်းပညာ sharing and saving


AD Ware virus တွေကိုရှင်းလင်းပေးမယ့် AdwCleaner



Browser ဖွင့်တိုင်း ကြော်ငြာတွေ အလိုလိုတက်တက်လာလို့စိတ်ညစ်နေပါသလား ဒီ Adw Cleaner လေးက ကူညီဖြေရှင်းပေးပါလိမ့်မယ်။



adwcleaner ကို RC > Run as admin နဲ့ဖွင့်လိုက်ပါ Scan ကိုနှိပ်ပါ



Scan နှိပ်ပြီး Adware တွေကိုရှာဖွေစစ်ဆေးနေပါလိမ့်မယ် အတန်းပြေး ပြီးသွားရင်တော့ Clean ခလုတ်လေးလင်းလာပါလိမ့်မယ် Clean ကိုနှိပ်လိုက်ပါ



Ok ပေါ်လာရင် Ok နှိပ်ပေးပါ Browser တွေပိတ်သွားပါလိမ့်မယ် Clean အတန်းပြေးပြီးရင် Ok နှိပ်ပေးပါ



ကွန်ပျူတာပိတ်သွားပါလိမ့်မယ် ပြန်ပွင့်လာချိန်မှာတော့ Adware virus တွေရှင်းလင်းသွားပါလိမ့်မယ်ခင်ဗျာ



Download

post by Than Toe Aung

အဆင်ပြေပါစေ..

နိုင်လင်းနည်းပညာ sharing and saving


Browser ဖွင့်တိုင်း ကြော်ငြာတွေ တက်တက်လာတွေကို ရှင်းလင်းပေးမယ့် AdwCleaner (For PC)





Browser ဖွင့်တိုင်း ကြော်ငြာတွေ အလိုလိုတက်တက်လာလို့စိတ်ညစ်နေပါသလား ဒီ Adw Cleaner လေးက ကူညီဖြေရှင်းပေးပါလိမ့်မယ်။






  Download




 





Adwcleaner ကို RC > Run as admin နဲ့ဖွင့်လိုက်ပါ Scan ကိုနှိပ်ပါ



 



Scan နှိပ်ပြီး Adware တွေကိုရှာဖွေစစ်ဆေးနေပါလိမ့်မယ် အတန်းပြေး ပြီးသွားရင်တော့ Clean ခလုတ်လေးလင်းလာပါလိမ့်မယ် Clean ကိုနှိပ်လိုက်ပါ







OK ပေါ်လာရင် OK နှိပ်ပေးပါ Browser တွေပိတ်သွားပါလိမ့်မယ် Clean အတန်းပြေးပြီးရင် OK နှိပ်ပေးပါ








ကွန်ပျူတာပိတ်သွားပါလိမ့်မယ် ပြန်ပွင့်လာချိန်မှာတော့ Adware Virus တွေရှင်းလင်းသွားပါလိမ့်မယ်ခင်ဗျာ။




Download



Post by Than Toe Aung
နိုင်လင်းနည်းပညာ sharing and saving


Friday, June 17, 2016

ခပ်မြန်မြန်လေးယူထားကြနော်... 






ကျွန်တော်အခု တင်ပေးမယ့် Software နာမည်လေးကတော့ " Close All " လိုခေါ်တဲ့ 

"အားလုံးပိတ်ပစ်မယ်"ဆိုတာလေးပဲဖြစ်ပါတယ်...။

သူကဘာတွေကောင်းလဲဆိုတော့... ဥပမာ- မိမိကွန်ပျူတာမှာ့ New Tap သို့မဟုတ် Multi-Tap 

တွေအများကြီးဖွင့်ထားတာကို...

တစ်ခုခြင်းလိုက်ပိတ်ရမှာ နည်းနည်းရှုပ်တယ်ဆိုပါတော့... ပြီးတော့လည်း တစ်ခါတစ်ရံမှာ မိမိရဲ့စက်က သုံးနေရင်းနဲ့ 

ရပ်သွားပြီး... ဘာမှပိတ်လို့မရတော့ပဲ...

ဖြစ်တတ်ပါတယ်...။ အဲ့ဒီလိုအခါမျိုးတွေမှာဆိုရင်... အရမ်းစိတ်ညစ်ရတာလည်း ကျွန်တော်ကိုယ်တိုင်အပါအဝင်ပေါ့ဗျာ...။

ကျွန်တော်ကတော့ နောက်ပိုင်းမှာ ဒီ Extension လေးနဲ့ပဲ... အလွယ်တကူဖြေရှင်းလိုက်တာပေါ့ဗျာ...။

ဆရာကြီးစတိုင်နဲ့ သူတွေဆိုရင်တော့ ဒီကောင်လေးမလိုအပ်ပါဘူး... သာမာန်နည်းပညာ ညီကို၊ မောင်နှမ တွေကိုပဲ 

ရည်းညွှန်းပြီး တင်ပေးရခြင်းသာဖြစ်ပါတယ်နော်...။ :)

ကျွန်တော် 32 Bit နဲ့ 64 Bit နှစ်မျိုးလုံးသုံးနိုင်ဖို့တွက် တစ်ခါတည်းစုပြီး တင်ပေးလိုက်ပါတယ်နော်...။

Download Link ပျက်သွားမှာ မစိုးရိမ်ရအောင် (Server of the BEST) ဖြစ်တဲ့ Hosting ကနေပြီး... Uploading... 

လုပ်ပေးထားတာမို့...

သက်သာလွယ်ကူစွာ Download ချယူနိုင်ပါတယ်...ခင်ဗျာ...။

Files  Size -36 KB (အရမ်းသေးတယ်နော်...)
Uploaded By - ချမ်းမြေ့မောင်



မှတ်ချက်။    ။ Password တောင်းလာခဲ့ရင်တော့ "chanmyaemaung.blogspot.com" ရိုက်ထည့်ပေးပါရန်...။

အားလုံး အဆင်ပြေကြပါစေ...နော်။ :)

(ကြော်ငြာလင့်ခ် ခံထားခြင်းမရှိပါ...။)



( : DOWNLOAD : ) OR ( : DOWNLOAD :)


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )
နိုင်လင်းနည်းပညာsharing and saving


Wondershare MobileGo အသုံးပြုတဲ့ သူငယ်ချင်းအတွက် Update လေးပါ...




Android ဖုန်း ၊ Tablet တွေကိုဆော့ဝဲသွင်းခြင်း ၊ သီချင်းသွင်းခြင်း ၊ ဓာတ်ပုံထည့်ခြင်း ၊ Ringtone ထည့်ခြင်း ၊ Android ဖုန်းထဲက ဆော့ဝဲတွေ ၊ ဖုန်း Contact တွေကို backup ပြန်လည်ရယူခြင်း စတဲ့ features တွေကို မိမိရဲ့ကွန်ပျူတာကနေအလွယ်တကူပြုလုပ်နိုင်မယ့် ဆော့ဝဲလေးဖြစ်ပါတယ် 




( : DOWNLOAD : ) 

Credit To... (Original Uploader)
နိုင်လင်းနည်းပညာsharing and saving


Sunday, June 12, 2016

IP address အကြောင်း




(၁) IP address ဆိုတာ ဘာလဲ ?
TCP/IP = Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ့ ဖော်ပြလေ့ ရှိပါတယ် ။decimal ဂဏန်း 1 လုံးစီဟာ 8 bits 0 to 255 (octets) ကိုကိုယ်စားပြုပါတယ် ။အဲလို ဖော်ပြတာကို “dotted decimal” လို့ ခေါ်ပါတယ် ။
Example; 140.179.220.200 (Dotted decimal)
                    10001100.10110011.11011100.11001000 (Binary)

(၂) အမျိုးအစား ဘယ်နှခု ရှိပါသလဲ ?

Classes အမျိုးအစားကို အခုလို ခွဲထားပါတယ် ။

Class Range of Address

A 1 to 126(127) binary 0xxx နဲ့ စ ပါတယ်။
B 128 to 191 binary 10xx နဲ့ စ ပါတယ်။
C 192 to 223 binary 110x နဲ့ စ ပါတယ်။
—————————————————————————-
D 224 to 239 binary 1110 နဲ့ စ ပါတယ်။
E 240 to 254 binary 1111 နဲ့ စ ပါတယ်။
—————————————————————————-
  ကျန်နေတဲ့ 127(localhost) ကို local loopback အတွက်သုံးပါတယ် ။သင် 127.0.0.1 ကို ping ပြီးစမ်းသပ် နိုင် ပါတယ် ။Class D addresses ကို multicasting အတွက် သုံးပါတယ်။ Class E addresses ကိုတော့ future use ဆိုပြီးသတ်မှတ်ထားပါတယ် ။အဲဒါကြောင့်သင့်ရဲ့  IP address ကိုရိုက်တဲ့ အခါ 1 to 223 ကနေပဲ စရိုက်လို့ ရပါတယ် ။ 224 ကနေစပြီး နောက်ပိုင်းကို ရိုက်လို့ မရပါဘူး ။ အလွယ်တကူ စမ်းသပ် ကြည့်နိုင်ပါတယ် ။
Private Network Address ၄ ခုရှိပါတယ် ။

( Local loopback Address )- 127.0.0.1

( Class A )- 10.0.0.0
( Class B )- 172.16.0.0
( Class C )- 192.168.0.0

Class တွေကို ပုံမှန်အားဖြင့် ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာ လေ့လာကြရအောင်- (N) က network ကိုကိုယ်စားပြုပြီး (n) က node ကိုကိုယ်စားပြုပါတယ် ။

- Class A — NNNNNNNN.nnnnnnnn.nnnnnnn.nnnnnnn

- Class B — NNNNNNNN.NNNNNNNN.nnnnnnnn.nnnnnnnn

- Class C — NNNNNNNN.NNNNNNNN.NNNNNNNN.nnnnnnnn

အဲဒါကြောင့်
Class A ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 2^8 = 255 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 x 255 =16581373 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class B ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 =65025 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 = 65025 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class C ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 x 255 =16581373 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

(IP address မှာ 192.168. တွေပဲ ဘာလို့ ဖြစ်နေရတာလဲ လို့ မကြာခဏ အမေးခံရပါတယ်။ကိုယ်သုံးမယ့်  ကွန်ပျူတာ အရေအတွက် (node) ဟာ 225 လုံးကို မကျော်ဘူး ဆိုရင် Class C ကိုပဲ သုံးကြလို့ပါ။)
နောက်တစ်ခုကတော့ node မှာ decimal no: 0 နဲ့  255 ကိုထည့်လို့ မရပါဘူး။(ဥပမာ- 192.168.1.0* / 192.168.1.255* )

IP address မှာ node portion all Ones (11111111)=255 က Broadcast Address ဖြစ်ပါတယ် ။
IP address မှာ node portion all Zeros (00000000)=0 က Network Address ဖြစ်ပါတယ် ။
စာဖတ်သူအပေါင်း IP address နဲ့ ပတ်သက်လို့  အသိတွေ တိုးပွားနိုင်ကြပါစေ ။ ကျွန်တော်လည်းမှတ်သားထားတာလေးတွေကို ပြန်လည်မျှဝေတာပါ...........





Credit to >> http://dreamskylover.blogspot.com

နိုင်လင်းနည်းပညာ sharing and saving


ကွန်ပျူတာထဲက ဖိုင် / ဖိုဒါတွေကို Lock ခတ်မယ်

မင်္ဂလာပါ

ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့ မိမိကွန်ပျူတာထဲက ဖိုဒါတွေ / ဖိုင်တွေ တစ်ပါးသူတွေ မကြည့်နိုင်အောင် Lock ခတ်ကြမယ်။ Hidden လုပ် ဖျောက်တာက နားလည်တဲ့ သူတွေရှာရင်  လွယ်တယ်လေ။ ဒီတော့ ဖိုဒါတွေ / ဖိုင်တွေကို Lock ခတ်ကြမယ်။ ဖိုဒါ / ဖိုင်တွေ Lock ခတ်ဖို့ အတွက် Protected folder ဆော့ဝဲလ်လေးကို အောက်က လင့်မှာ အရင်ဒေါင်းပါ

Download - Protected folder

ဆော့ဝဲလ်ကို Zip ဖြင့် ချုပ်ထားပါသည်။

Password -  myothantkyaukse

လင့် အဆင်မပြေပါက ပြောခဲ့ပါ။ Zip ဖြင့် ချုပ်ရခြင်းသည် Virus ကင်းအောင် / MB နည်းအောင် ပြုလုပ်ခြင်းပါ

ဆော့ဝဲလ် install တင်ပုံကို အောက်မှာ ပုံနဲ့ ပြထားပါတယ် ( မသိသေးသူများ အတွက် ရည်ရွယ်ပါသည် )

အခက်အခဲရှိပါက -  09779470031

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး ( နည်းပညာ )















နိုင်လင်းနည်းပညာ sharing and saving


Window ပေါ်က shotcuts မြားလေးတွေကို menual (ဆော့ဝဲလ်မသုံးပဲ) ဖျက်မယ်








1. regedit ဖွင့်မယ် >> Window Key+R >> regedit
2 Go to HKEY_CLASSES_ROOT\lnkfile ,
ဒီနေရာမှာ IsShortcut ကိုရှာပီး delete လုပ်လိုက်ပါ3
3 Logoff သို့မဟုတ်.. restart လုပ်ပေးလိုက်ပါ ခုလုံးဝမရှိတော့ပါဘူး
-----------------------------------------------------------------------------------------------------
ပုံမှန်ဆို အပေါ်က အဆင့်နဲ့ shotcut မြားမရှိတော့ပါဘူး ..
ရပါပီ error မရှိပါဘူး
လုံးဝ complete ဖြစ်သွားအောင် လုပ်မယ် လုပ်ချင်တယ်ဆိုရင်
ဒီအဆင့်လေးတွေမှာ ရှိတဲ့ IsShortcut များကို သေချာဖျက်ပေးလိုက်ပါ ..
-----------------------------------------------------------------------------------------------------
HKEY_CLASSES_ROOT\piffile
Delete the IsShortcut
**************************************
HKEY_CLASSES_ROOT\ConferenceLink
Delete the IsShortcut
**************************************
HKEY_CLASSES_ROOT\DocShortCut
Delete the IsShortcut
**************************************
HKEY_CLASSES_ROOT\InternetShortcut
Delete the IsShortcut
**************************************
HKEY_CLASSES_ROOT\WSHFile
Delete the IsShortcut

 ‪#‎credit‬ uploader

www.mcmm.ga
နိုင်လင်းနည်းပညာsharing and saving

Thursday, June 2, 2016

မည်သည့်ကွန်ပျူတာမဆို မြန်မာစာ နှင့် မြန်မာ Keyboard ထည့်သွင်းနည်း (For All Window)






ကွန်ပျူတာပေါ်မှ  မြန်မာစာအဆင်မပြေသမျှကို  စုစည်းပေးလိုက်ပါတယ်..။


မြန်မာစာ အဆင်မပြေလို့ပဲဖြစ်ဖြစ် , ကွန်ပျူတာအသစ်မှာထည့်ချင်လို့ပဲဖြစ်ဖြစ်  ပထမဆုံး... သိထားရမှာက.... မိမိကွန်ပျူတာဟာ 32BitOperating System လား ?   64Bit Operating System လား ?  ဆိုတာ သိထားဖို့လိုပါမယ်..။



တကယ်လို့ မသိသေးဘူးဆိုရင် အောက်ပါပုံအတိုင်း Window Logo နဲ့ Pauseဆိုတဲ့ Key နှစ်ခုကို တွဲနှိပ်လိုက်ပါ။


(ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)





 


အပေါ်က ပုံမှာ မြင်တွေ့ရတာကတော့ System Type: 32-bit Operating System ဆိုတော့32Bit ပါ....





ဒီပုံကတော့ System Type : 64Bit Operating System ဆိုတော့  64Bit ပါ..


ကဲ....  32Bit Operating System  (Or)  64BitOperating System  ဆိုတာ သိပြီးပြီဆိုရင်.. မြန်မာ Font ကို စ,တင် Install လုပ်နိုင်ပါပြီ...


ပထမဆုံး လိုအပ်တဲ့...

Zawgyi Font Installer  လေးကို ဒီနေရာကိုနှိပ်ပြီး   ဒေါင်းယူပါ...


[Zawgyi Font ရော Keyboard ပါ အလွယ်တကူ ထည့်သွင်းနိုင်တဲ့ 2 in 1 Program လေးပါ.... 32Bit Operating System  မှာရော 64Bit Operating System  မှာပါ အသုံးပြုနိုင်ပါတယ်။Window XP,Vista ကနေWindow 7/8/8.1/10 အထိ အလုပ်လုပ်ပါတယ်..  ညီလေး Phyo Zin Linn  ဖန်တီးထားတာဖြစ်ပါတယ်]



ဒေါင်းလို့ရလာတဲ့ Zawgyi Font Installer  လေးကိုDouble Click နဲ့ Run လိုက်ပါ...

  Install Font ကို နှိပ်ပြီး Next နဲ့ Install လုပ်ပါ...




Next





Next




Next





Finish 






သင့်စက်ဟာ 32Bit Operating System ဆိုရင် ဒီအဆင့်မှာပင် OK ကို နှိပ်ပြီး စက်ကို Restartချပေးလိုက်ရင် မြန်မာလို ရေး/ဖတ် နိုင်ပါပြီ..။


==>XXX====>XXXXX====>XXX===>>







တကယ်လို့ သင့်စက်က 64Bit Operating System ဆိုရင်တော့ Cancel ကိုနှိပ်ပြီး

  Install Keyboard ကို ဆက်နှိပ်ပေးကာ  Next နဲ့Install လုပ်ပေးပါ...





 ခဏလေး စောင့်ပေးပါ.... အောက်ကပုံလို ပေါ်လာရင်Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။





တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့Keyboard ကို အရင်က သွင်ထားဖူးလို့ပါ..  Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။  အားလုံးပြီးရင် စက်ကို Restartချပေးဖို့လိုပါမယ်။





စက်ပြန်တတ်လာတဲ့အခါ မြန်မာလို ရေးဖို့အတွက် Ctrl + Shift နဲ့  Keyboard ကို ခေါ်မရတာမျိုးဖြစ်နေတယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...


  Window Logo ပေါ်ကို Right Click နှိပ်ပြီးControl Panel ကိုရွေးပါ......





Category ကို နှိပ်ပြီး Large icon ကို ရွေးပါ...    (ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
 




Language ကို နှိပ်ပါ...





Advanced settings ကို ထပ်နှိပ်ပါ...





Override for default input methodအောက်မှ English (United States) ကို နှိပ်ပါ...


English (United States) - Zawgyi Myanmar Unicode L ကို ရွေးပေးလိုက်ပါ...








ပြီးရင်  Save ကို နှိပ်ပြီး စက်ကို Restartချပေးလိုက်ပါ... စက်ပြန်တတ်လာရင် Ctrl + Shiftနှင့် Keyboard ကိုခေါ်ကာ  မြန်မာလို ရေးနိုင်ပါပြီ။



=====XXXXXX=====


(26/5/2016 - 1:50AM Edited)

အိုင်တီ ရမ်းကု ဖန်တီးထားတဲ့ YS Easy Zawgyi Font Installer လေးကိုတွေ့လို့ ထပ်ဖြည့်ပေးလိုက်ပါတယ်... အပေါ်က Zawgyi  Installer လိုပဲ အသုံးပြုနိုင်ပါတယ်...  ထူးခြားတာကတော့ အားလုံး မြန်မာလိုရေးထားတာမို့  ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ... ဒီနေရာကို နှိပ်ပြီး==>  ဒေါင်းယူနိုင်ပါတယ်..။



=====XXXXXX====


Window 8/8.1 နှင့် Window 10 မှာ မြန်မာစာမမှန်သေးရင်...


  ဒီ Window 10 Font (New)==>  ကို ဒေါင်းယူပြီး Zip ဖိုင်လ်ကိုဖြည်ကာ.. အထဲမှ Fontနှစ်ခုစလုံးကို Install လုပ်ပေးလိုက်ပါ...။ (32bit မှာရော 64 bit မှာပါ အလုပ်လုပ်ပါတယ်)


Window 10 အတွက် Font ကိုတော့  ညီလေးThanToeAung  မှ ဖန်တီးပေးထားတာဖြစ်ပါတယ်။



====XXXXXX====


 ကွန်ပျူတာပေါ်မှာ မြန်မာလိုရေးဖို့အတွက်လက်ကွက် လေ့ကျင့်ချင်တယ်ဆိုရင်ဒီနေရာကိုနှိပ်ပါ==> 


=====XXXXXX=====


Window 7 မှာစာရိုက်ဖို့  Keyboardခေါ်မရတာဆိုရင်တော့   ဒီနေရာကိုနှိပ်လိုက်ပါ==>  အသေးစိတ်ရှင်းပြထားပါတယ်။



======XXXXXXX======


နောက်ထပ်...

 မြန်မာစာနဲ့ ပါတ်သတ်ပြီး ဖြစ်လေ့ရှိတဲ့ ဆက်စပ်တာလေးတွေကို တခါတည်း လမ်းညွှန်ပေးလိုက်ပါတယ်....

********************

Window 8 / 8.1 / 10 တွေက  Folder Name , Desktop Icon  တွေမှာရေးမှတ်ထားတဲ့ မြန်မာစာတွေ မမှန်ရင် ၊ လေးထောင့်တုံးတွေဖြစ်နေရင်   ဒီနေရာကိုနှိပ်လိုက်ပါ==>  ဖေါ်ပြပါ Post ထဲကအတိုင်း လုပ်ဆောင်ပေးလိုက်ပါ ။



=====XXXXXXX=====


Window 7 မှာ Folder Name , Desktop Iconစ တဲ့နေရာတွေမှာ မြန်မာစာ မမှန်တာ လေးထောင့်တုံးတွေ ဖြစ်နေတာဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...


Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Clickထောက်ကာ  Personalize ကတဆင့်






Window Color




Desktop ကို နှိပ်ပြီး Icon ကို ရွေးပါ..




အောက်က Font ကို နှိပ်ပြီး Zawgyi-One ကို ရွေးပေးပါ..




ဒီပုံအတိုင်းဖြစ်ရမှာပါ... ရပြီဆိုရင် Apply ကို နှိပ်ပြီး....







OK နဲ့ ထွက်လိုက်ပါ...။


 အောက်ကပုံလေးအတိုင်း မြန်မာစာတွေ အဆင်ပြေသွားပါပြီ...။





=====XXXXXXX=====

နောက်တစ်ခုကတော့ ...
Internet Browser  (IE,Chrome,Firefox)  တွေက Menu , Message Box  တွေမှာ မြန်မာစာတွေ ဖတ်မရဖြစ်နေတတ်ပါတယ်...






 အဲ့ဒီ ပြဿနာကိုတော့...


 စောစောကအတိုင်း  Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ Personalize ကတဆင့် Window Color ကနေဝင်ပြီး..


Menu နှင့် Mseeage Box ဆိုတဲ့ နေရာလေး နှစ်နေရာကို အပေါ်ကအတိုင်း Zawgyi-One ကို ပြောင်းပေးလိုက်ပါ..။



Icon နေရာကို နှိပ်ပြီး Menu ကို ရွေးပါ...




Font မှာ Zawgyi-One ကို ရွေးပေးပါ...




နောက်တခါ... Menu မှ  Message Boxကိုရွေးပါ....




Font မှာ Zawgyi-One ကို ရွေးပေးပါ...




အားလုံးပြီးရင် Apply ကို နှိပ်လိုက်ပါ....





ခဏနေလို့ ပုံမှန်အတိုင်းဖြစ်ပြီဆိုရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ... Browser တွေက Menu ,Message Box  တွေမှာ မမှန်တာတွေ မှန်သွားပါပြီ...။


=====XXXXXX=====

နောက်ထပ်တစ်ခုက Notepad ပေါ်မှာ မြန်မာစာတွေရေးပြီး Save တဲ့အခါ (??????)တွေချည်းဖြစ်နေတတ်တာပါ...





အဲ့ဒီလိုဖြစ်နေရင်...


Save လုပ်တဲ့အခါ ပုံပါအတိုင်း Unicode ကို ရွေးပြီးမှSave လုပ်ပါ..။






=====XXXXXX=====


ကွန်ပျူတာပေါ်က Viber မှာ မြန်မာစာမမှန်ရင်....

Viber Window 7/8 အတွက်ဒီနေရာကိုနှိပ်ပါ==>


Viber Window 10 အတွက်ကိုတော့ ဒီနေရာကို နှိပ်ပါ==>



====XXXXXX====


Firefox Browser မှာ မြန်မာစာမမှန်ရင် ဒီနေရာကိုနှိပ်ပါ==>   ရေးထားတဲ့အတိုင်း ဆောင်ရွက်ပေးနိုင်ပါတယ်။ အဆင်မပြေသေးရင် ဒီနေရာကိုနှိပ်လိုက်ပါ==>  Video လေးကိုကြည့်ပြီး လုပ်ဆောင်နိုင်ပါတယ်..။



======XXXXXXX======


Chrome Browser အတွက်ကိုတော့ဒီနေရာကိုနှိပ်လိုက်ပါ==> 



======XXXXXXX======


Opera Browser အတွက်ကတော့ ဒီနေရာကိုနှိပ်လိုက်ပါ==>



======XXXXXX======


အင်တာနက်ကို အခုမှ စ,တင်အသုံးပြုသူတွေအတွက် 

အင်တာနက်နဲ့ ပါတ်သတ်တဲ့ Download ဆွဲခြင်း၊ သိလိုသည်များ ရှာဖွေခြင်း စ,တဲ့ အကြောင်း အရာတွေကိုတော့   ဒီနေရာကိုနှိပ်ပြီး==>    ဖတ်ရှု့နိုင်ပါတယ်။ (အင်တာနက်ကို အခုမှ စ သုံးတာဆိုရင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ)


လက်ကိုင်ဖုန်းကတဆင့်လေ့လာာချင်တယ်ဆိုရင် ဒီ App လေးကို==>  ဒေါင်းယူပြီး Install လုပ်ပေးပါ..။



====XXXXXX====


ဒီ Font တွေကတော့ ကွန်ပျူတာတိုင်း ထည့်သွင်းထားသင့်တဲ့ Myanmar Font တွေပါ...


Myanmar Font For Window 10

Smart Zawgyi Pro Font


Pyidaungsu Font


 Zaw Decode Font


Myanmar3 Font

 Myanmar Census Font v5

 MyaZedi Font 

 MyaZedi Font 2

 Unicode Universal Fon



အခြားသော Myanmar Font တွေကိုတော့ ဒီနေရာကိုနှိပ်ပြီး  ဒေါင်းယူနိုင်ကြပါတယ်ခင်မျာ..။



====XXXXX====



 Font တွေကို ထည့်သွင်းမယ်ဆိုရင် Double Clickနှင့် Install ကို နှိပ်ပြီး ထည့်သွင်းပေးနိုင်ပါတယ်.။






 


ပုံပါအတိုင်း အပြာရောင်နဲ့ ပြထားတဲ့  Installဆိုတာလေးက ရေးရေးလေးပဲ ပေါ်နေတာဆိုရင် Font ကို ထည့်သွင်းပြီးသွားပါပြီ..။



=====XXXXX=====



Comment မှာ ပြောသွားလို့ပါ...


Win - researcher Font ဆိုတာကတော့... Zawgyi Font Support မလုပ်တဲ့နေရာမှာ ဒီ Win - researcher Font ကို အသုံးပြုနိုင်ပါတယ်။



ဒီနေရာကိုနှိပ်ပြီးဒေါင်းယူပါ ==>  Win - researcher Font



Font သွင်းနည်းကတော့ အပေါ်မှာ ပြထားသလိုပဲ အလွယ်တကူသွင်းယူနိုင်ပါတယ်..



သွင်းချင်တဲ့ Font ကို Double Click  (သို့) Click နှစ်ချက်နှိပ်ပြီး Install ကိုနှိပ်လိုက်ပါ..





 Install လုပ်နေပါလိမ့်မယ်...








အပေါ်ကပုံလို Install နေရာလေးမှာ ခပ်ရေးရေးလေးပဲပေါ်နေပြီဆိုရင် Font သွင်းပြီးသွားပါပြီ..။

အခြား Font ထည့်သွင်းနည်းကတော့ Control Panel > Font Folder မှတဆင့်သွင်းနိုင်ပါတယ်.. အခုဖေါ်ပြပေးတာကတော့ အလွယ်ကူဆုံးနည်းလမ်းကို ဖေါ်ပြပေးတာပါ။



=====XXXXXX=====



Download Zawgyi Font Installer 32/64Bit ==>


Download YS Easy Zawgyi Font Installer (New) 32/64Bit ==>

 Zawgyi Myanmar Font For Window 10 (New) 32/64Bit ==>

  ဒီဇိုင်းသမားများ နှင့် စာစီစာရိုက်လုပ်ငန်းများအတွက် မြန်မာဒီဇိုင်းဖေါင့် အလှတွေကိုဒီနေရာမှာ==>  နှင့် ဒီနေရာမှာ==>  ဒေါင်းယူပါ။



X========XXXXXXXX=====XXXXXXXXXXXXXX=====XXXXXXXX========X



နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း

   

ဆုမွန်ကောင်းတောင်းရင်း



ခင်မင်လျက်



ဝင်းကမ္ဘာကျော်

အဆင်ပြေပါစေ

နိုင်လင်းနည်းပညာ sharing and saving