Sunday, June 12, 2016

Samsung Galaxy Tab E ကို TWRP ထည့်သွင်းပြီး Root လုပ်နည်း



Samsung Galaxy Tab E အတွက် TWRP ထည့်သွင်းပြီး 

Root လုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။


ဒီ Galaxy Tab E ကို Root လုပ်မယ်ဆိုရင်တော့ TWRP အရင်

ထည့်သွင်းရမှာပဲဖြစ်ပါတယ်၊ ပြီးတော့မှ Supersu.zip ဖိုင်ဖြင့်

Custom Recovery Mode မှ Flash ပေးပြီး Root လုပ်နိုင်ပါတယ်။



လိုအပ်ချက်များ

=========

၁။ Samsung USB Driver


၂။ Odin Flash Tool for windows


၃။ USB Cable 


၎။ TWRP Recovery.zip



ငြင်းဆိုချက်

========

ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်

Samsung Galaxy Tab E အတွက်သီးသန့်ဖြစ်ပါတယ်၊

တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။


အကြောင်းအမျိုးမျိုးကြောင့် မိမိဖုန်းသည် ပျက်စီးသွားခဲ့သည်ရှိသော်

ဇူးနစ်(နည်းပညာ) www.zunite.org မှ တာဝန်ယူလိမ့်မယ်မဟုတ်ပါ။



ကြိုတင်ပြင်ရမည့်အချက်များ

================

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 

Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး

 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 

Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။




Download Samsung USB Driver for Windows


Download the latest Odin flashing Tool



Sprint Galaxy Tab E 8.0 SM-T377P (Qualcomm Snapdragon)


Download Here TWRP 2.8.7.0



Galaxy Tab E SM-T560NU (Qualcomm Snapdragon)


Download Here TWRP 3.0.2-1



Spreadtrum Galaxy Tab E SM-T560


Download Here TWRP 3.0.2-1



Spreadtrum Galaxy Tab E SM-T561(Y/M)


Download Here TWRP 2.8.7.0




TWRP Recovery  ထည့်သွင်းနည်း

====================

၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ


၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ


၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့

လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ


၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး

ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။


၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

 volume down + Home + power

ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။


၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။


၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။


၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။


၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း

PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။


၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို

တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။


၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့

သင့်ဖုန်း Galaxy Tab E မှာTwrp Recovery ထည့်သွင်းပြီးပါပြီ။




SuperSU-update.zip ဖြင့် Root ပြုလုပ်နည်းကိုတော့

အောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ပါ



လိုအပ်ချက်များ

==========

၁။ မိမိဖုန်းတွင် TWRP Recovery ထည့်သွင်းထားရပါမယ်


၂။ BETA-SuperSU-v2.74-2.zip ဖြစ်နေရပါမယ်


ငြင်းဆိုချက်

=======

ယခုဖေါ်ပြပါ Root လုပ်နည်းသည်Samsung Galaxy Tab E ဖုန်းကို 

SuperSu.zip ဖြင့် Root လုပ်နည်းဖြစ်ပါတယ်။


ဖေါ်ပြပါ Guide အတိုင်း SuperSu.zip ဖိုင်ဖြင့် တစ်ခြား Device များတွင်

Root လုပ်ခြင်းမျိုး လုံးဝမပြုလုပ်ပါရန်၊ တကယ်လို့ တစ်ခုခုဖြစ်ခဲ့သည်ရှိသော်

လုံးဝတာဝန်မယူပါ၊ Instruction အတိုင်း သေချာအောင်ပြုလုပ်ပါရန်။




Download Here BETA-SuperSU-v2.74-2.zip




SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း

===========================

၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။


၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။


၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power


၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။


၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။


၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။


၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။





အဆင်ပြေပါစေ



ဇူးနစ်(နည်းပညာ) 




www.zunite.org

နိုင်လင်းနည်းပညာ sharing and saving


No comments:

Post a Comment