OnePlus 3 ဖုန်းအတွက် OxygenOS 3.1.3 Marshmallow OTA Update
ထွက်လာပါပြီ၊ အသုံးလိုတဲ့ ညီအကိုတွေအတွက် တင်နည်းပါ မျှဝေလိုက်ပါတယ်။
17.06.2016 ရက်ဆိုတော့ မနေ့က ပူပူနွေးနွေး Release Date ဖြစ်ပါတယ်
ဗားရှင်းကတော့ Marshmallow v6.0.1 နောက် File size ကတော့ 1.4GB ရှိတယ်
လိုင်းကောင်းတုန်းရယူထားပေါ့ ဒေါင်းလော့လင့်လည်းအဆင်ပြေမယ်ထင်ပါတယ်။
လိုအပ်ချက်များ
========
၁။ အရေးကြီးတဲ့ Data များနဲ့ ROM ကို Backup ပြုလုပ်ထားပါ။
၂။ Custom Recovery ထည့်သွင်းထားပြီးဖြစ်ရပါမည်။
၃။ ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 60% Charge ရှိရပါမည်။
၎။ Rom File zip ဖိုင်ကိုဒေါင်းလော့ရယူထားပါ။
၅။ တင်နည်း Instruction အတိုင်းပြုလုပ်ပါ။
Bootloader Unlock & Custom Recovery ထည့်သွင်းနည်းများ
ပြန်လုပ်ရန်အတွက် All All-in-One Toolkit ဖြင့်အဆင်ပြေပါတယ်။
OnePlus 3 ဖုန်းအတွက် All-in-One Toolkit အားရယူပါ
OxygenOS 3.1.3 Firmware Details
=====================
Android Version:- Marshmallow v6.0.1
Model :- OnePlus 3
Status :- Official
Release Date :- 17.06.2016
Type :- “.Zip” File & Tool.
File Size :- 1.4GB
Download OxygenOS 3.1.3
Firmware တင်နည်း
===========
၁။ Rom zip ဖိုင်ကိုဒေါင်းလော့ပြီး SD Card သို့ကူးထည့်ပါ
၂။ ဖုန်းကို ပါဝါပိတ်ပြီး Volume Down + Power Key များကိုတွဲနှိပ်ပြီး
Custom Recovery Mode သို့ဝင်လိုက်ပါ။
၃။ Recovery Mode တွင် ‘Wipe And Format Option မှ
Wipe Data, System, Cache And Dalvik Cache များကိုရှင်းထုပ်ပါ။
၎။ Recovery Main Menu မှ Rom zip File သို့သွားလိုက်ပါ။
၅။ ပြီးရင် SD Card တွင်ရှိသော Rom zip File ကိုရွေးချယ်လိုက်ပါ။
၆။ အားလုံးအသင့်ဖြစ်ပြီးရင်တော့ Rom zip File ကို Flash ပေးပါ။
၇။ Flash Process ပြီးဆုံးအောင် စောင့်နေလိုက်ပါ၊ အချိန်အနည်းငယ်ကြာပါမည်။
၈။ အားလုံးပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။
၉။ Boot ပြန်တက်လာဖို့ 7-10 မိနစ်လောက်ကြာနိုင်ပါတယ်။
Ref-www.gizrom.com
ဇူးနစ်(နည်းပညာ)
နိုင်လင်းနည်းပညာ sharing and saving
No comments:
Post a Comment