Sunday, June 12, 2016

MTK Devices တွေမှာဖြစ်တတ်တဲ့ Baseband version Unknow error ကို Box Crack အသုံးပြုပြီးဖြေရှင်းနည်း



ဒီ Baseband version Unknow error ကိုကျွန်တော်လည်းအခုမှကြုံဖူးတာပါ .ဒီပြဿနာဖြေရှင်းနည်းကို Google နဲ့Utube မှာတွေ့တဲ့နည်းနဲ့ဖြေရှင်းတာလည်း ၄ ညလောက်မအိပ်ရတာပဲအဖက်တင်ပါတယ်အဆင်မပြေပါဘူး . ဘာမှဆက်မလုပ်တတ်တော့တာနဲ့ထုံးစံအတိုင်းပဲအပူကပ်နေကျဖြစ်တဲ့ ကိုအောင်သူရ(စည်သူမိုဘိုင်း) ကိုအပူကပ်ရပါတယ် .ကိုအောင်သူရကသူလည်းဒီ error မကြုံဖူးသေးကြောင်း/Box crack နဲ့ဖြေရှင်းလို့ရတယ်လို့သိပြောသံကြားမိတယ်ဆိုတာနဲ့ကျွန်တော်လည်းကလိကြည့်တာအဆင်ပြေသွားတာမသိသေးတဲ့သူတွေသိရအောင်လို့ပြန်မျှပေးလိုက်ပါတယ် ...

၁။ Box crack ကိုဖွင့်ပါ

၂။ Unlock / Fix ကိုရွေးပေးပါ

၃။ Fix Unknow Baseband ကိုရွေးပေးပါ

၎။ Start Button ကိုနှိပ်ပြီး ဖုန်းကိုပါဝါပိတ်ရက်အနေအထားနဲ့ vol ± ကိုနှိပ်ပြီး udb ကြိုးထိုးလိုက်ပါ

၅။ Yes (or) No ရွေးခိုင်းတဲ့ box တစ်ခုကျလာရင် No ကိုပဲရွေးပေးလိုက်ပါ. သူ့ဟာသူအလုပ်လုပ်နေပါလိမ့်မယ် ...
အချိန် 8 မိနစ်ခန့်ကြာပါတယ် ...

ကိစ္စပြီးသွားတဲ့အခါ Battery ဖြုတ်ပြီးပါဝါဖွင့်လိုက်ပါ . အဆင်ပြေသွားပါလိမ့်မယ်.
တကယ်လို့များပါဝါဖွင့်တဲ့အချိန် Logo မှာရပ်နေခဲ့မယ်ဆိုရင် Recovery mode ကနေ Reset ချပေးလိုက်ပါ.အဆင်ပြေသွားပါလိမ့်မယ် 
credit=
ဇော်မျိုးထက်
နိုင်လင်းနည်းပညာ sharing and saving


No comments:

Post a Comment